Thursday, March 20, 2014

WeChat App ကို ကွန်ပျူတာပေါ်ကနေ Chat လို့ရပြီ

Mobile Phone တွေကတဆင့် အင်တာနက်ကို အသုံးပြုပြီး Free Video Call , Free Call , Free SMS နဲ့ ဆက်သွယ်လို့ ရတဲ့ App တွေအထဲမှာ WeChat တစ်ခုလည်းအပါဝင်ပါ .. သုံးရတာ လွယ်ကူသလို အရမ်းအဆင်ပြေတာကိုလည်းတွေ့ရပါတယ်..(ကျနော့ အကြိုက်ပေါ့) :D
ခု အဲ့ဒီ WeChat ကို PC ကွန်ပျူ တာပေါ်ကနေ သုံးကြည့်ရအောင်ပါ..
ပထမဆုံး Smatphone တစ်လုံးနဲ့အတူ WeChat ကိုလည်းအကောင့်ဖွင့်ထားရပါ့မယ်...
Phone က WeChat ကို ဖွင့်လိုက်ပါ..
အောက် ညာဘက်ထောင့်နားက ME ဆိုတာလေးကို နှိပ်လိုက်ပါ...
Settings ကို နှိပ်ပါ...
General > Web WeChat ကို သွားထားပါ..
ပြီးရင် ဒီ Link  https://web.wechat.com/  ကို နှိပ်ပြီးဖွင့်လိုက်ပါ... 
ေ   ပေါ်လာတဲ့ QR Code ကို  ဖုန်းမှာ စောစောကဖွင့်ထားတဲ့ Web WeChat အောက်နားက အစိမ်းရောင်နဲ့ Start ဆိုတာကို နှိပ်ပြီး Scan လုပ်ပေးပါ...
ခဏနေရင် ဖုန်းမှာ အောက်ပါ ပုံအတိုင်းတတ်လာရင်..

 
OK ကို နှိပ်ပေးပြီး စတင် အသုံးပြုနိုင်ပါပြီ...

Virus များကို CMD ဖြင့်သတ်ခြင်း

ကွန်ပျူတာအသုံးပြုရာတွင် Anti Virus Software များအသုံးမပြု၍သော်လည်းကောင်း၊ အသုံးပြု ထားသည့် Anti Virus Software များ ကောင်းစွာ အလုပ်မလုပ်ခြင်းကြောင့်သော်လည်းကောင်း Virus များပျံ့နှံ့ကူးစက်နိုင်ပါသည်။ ထိုသို့ကြုံတွေ့ရပါက CMD မှတစ်ဆင့် Virus များ ကို ရှင်းလင်းနိုင်ပါသည်။ ထိုသို့ရှင်းလင်းရန်အတွက် Virus အမည်ကိုသိရှိရန်လိုအပ်ပါသည်။ ကွန်ပျူတာ အသုံးပြုသူများအနေဖြင့် သိရှိထားသင့်ပြီး အကျိုးရှိနိုင်သည့် နည်းလမ်းတစ်ခုဖြစ်ပါသည်။ အောက်ဖော်ပြပါအတိုင်း တစ်ဆင့်ခြင်း စီ ပြုလုပ်သွားရပါမည်။
၁။ Start > Run တွင် cmd ဟုရိုက်၍ OK ပေးရပါမည်။
၂။ ထို့နောက် ကွန်ပျူတာတွင်ရှိနေသည့် Partition များမှ Virus ဝင်ရောက်နေသည့် အပိုင်းသို့ဝင်ရောက်ရပါမည်။ ဆိုလိုသည်မှာ ကွန်ပျူတာတွင် Partition ၃ ခုရှိသည့်အနက်  D တွင် Virus ၀င်ရောက်နေပါက cmd တွင် D: ဟုရိုက်၍ Enter ကို နှိပ်ပေးရပါမည်။ ထိုအခါ cmd တွင် Virus ၀င်ရောက်နေသည့် Partition သို့ဝင်ရောက်ပြီးဖြစ်ပါသည်။
၃။ ထို့နောက် attrib -r -h -s(virus name.frile extension) ရိုက်၍ Enter ပေးရပါမည်။ virus name.file extension ဆိုသည်မှာ မိမိစက် တွင် ၀င်ရောက်နေသည့် Virus အမည်နှင့် အမျိုးအစားကို ဆိုလိုခြင်းဖြစ်ပါသည်။
၎။ ထိုသို့ပြုလုပ်ပေးပြီးပါက c:\windows>- ဟု cmd တွင်တွေ့မြင်နေရမည်ဖြစ်ပြီး Virus ကိုရှင်းလင်းရန်အတွက် del (virus name.frile extension) ဟုရိုက်၍ Enter ပေးရပါမည်။ ထိုသို့ပြုလုပ်ပြီးပါက ကွန်ပျူတာတွင်ဝင်ရောက်သော Virus ကိုရှင်းလင်းပြီးဖြစ်ပါသည်။

နင် ငါ့ကို ချစ်ကို ချစ်ရစေမယ် (You Must Love Me)

ဒါလေးကတော့ အပျော်သဘောပါ  မိမိချစ်သူ (သို့) သူငယ်ချင်း တစ်ယောက်ယောက်ကို Do You Love Me ? Yes or No ဖြေခိုင်းရင် ကိုယ်လိုချင်တဲ့ Yes ကိုပဲ ဖြေအောင် လုပ်ထားတဲ့ Java Scripts လေးပါ.. သူငယ်ချင်းတွေကို အပျော် သဘော စ,နောက်လို့ရအောင် တင်ပေးလိုက်ပါတယ်..။ ကွန်ပျူတာပေါ်မှာပဲ ရပါတယ် ဖုန်းအတွက်မဟုတ်ပါဘူး။
 
အောက်မှာ တင်ပေးထားတဲ့ ဖိုင်လ်လေးကို ဒေါင်းယူပြီး Browser တစ်ခုခုနဲ့ ဖွင့်လိုက်ပါ ... ပြီးရင် NO ကို နှိပ်ကြည့်ပါ... :D
အားလုံးပျော်ရွှင်ကြပါစေဗျာ..

Huawei ဖုန်းတွေမှာ Gmail, Gtalk , Google Play တွေ အလုပ်မလုပ်ရင် ဖြေရှင်းနည်း

Huawei ဖုန်းတွေမှာ Gmail, Gtalk , Google Play တွေ အလုပ်မလုပ်ရင် ဖြေရှင်းဖို့ နည်းလမ်းကောင်း တစ်ခု ပြောပြချင်ပါတယ်.. အားလုံးအတွက် အဆင်ပြေ၊ မပြေမသိရပေမယ့် တော်တော်များများအဆင်ပြေပါတယ်.. phone က root access ရှိဖို့လိုပါတယ် root ၇ှိရင်တော့  root explorer သုံးပြီး system/etc ထဲက hosts ကို delete လုပ်ပေးပါ google app တွေကိုလည်း clear data လုပ်ပေးပြီး restart လုပ်ပေးပြီး ပြန်ဝင်ကြည့်ပါ
အဆင်ပြေပါစေ..

Sim Card Lock ကျသွားရင်

Sim Card lock ကျသွားတဲ့အခါ...
အကြောင်းအမျိုးမျိုးကြောင့် ကိုယ့် Sim Card က Lock ကျသွားပြီဆိုရင် ဖုန်းလိုင်းပျောက်ပြီး Unlock ပြန်လုပ်ဖို့ ဖုန်းက PUK Code တောင်းပါလိမ့်မယ် PUK ဆိုတာ ဘာမှန်းမသိတာနဲ့တင် မပုတုရုံး ဆီရောက်ရောက်သွားရတယ်... တကယ်တော့ ဖုန်းကဒ် ၀ယ်ကတည်းက PUK Code ကပါပြီးသားပါ (ပုံမှာပြထားသလို)
 Unlock ပြန်လုပ်ပုံကတော့အဲ့ဒီ Code (၈) လုံးကို ရိုက်ထည့်ပေးလိုက်ပါ ပြီးရင် OK နှိပ်ပါ PIN Number အသစ်ပြန်လုပ်ခိုင်းပါလိမ့်မယ်။ 12345 လို့သာ ရိုက်ပြီး OK နှိပ်ပါ နောက်တစ်ခေါက် PIN Number ကို Confirm လုပ်ခိုင်းပါလိမ့်မယ် 12345 လို့ထပ်ရိုက်ပေးပြီး OK နှိပ်လိုက်ပါ ဒါဆိုပြီးပါပြီ Sim Lock, ပြုတ်ပြီး ဖုန်းလိုင်းပြန်တတ်လာပါလိမ့်မယ်..။

Facebook အကောင့် ဖျက်နည်း

လူအမေးများလို့ ဒီပို့ စ်ကိုတင်ပေးလိုက်ပါတယ်။

  ဒီနေရာ ကိုသွားလိုက်ပါ။
  Delete My Account ကို နှိပ်ပါ။
ဖျက်လိုသော အကောင့်ရဲ့ Password ထည့်ပါ။ ပြီးရင် အောက်က စာလိမ်လေးတွေကို မှန်အောင်ရေးထည့်ပေးပါ။


  Okay ကိုနှိပ်ပါ။
သတိထားရမှာက.... 
 Account က ချက်ချင်းမပျက်သေးပါဘူး...
  အဲ့ဒီ Account ကို (14) ရက် ၊ နှစ်ပါတ်အတွင်း နောက်ထပ် ဘယ်တော့မှ Log in မဝင်ပါနဲ့ .. နှစ်ပါတ် (၁၄) ရက်ကြာမှ သူ့အလိုလိုပျက်သွားမှာပါ...။ (14) ရက်အတွင်း Log in ဝင်မိတယ်ဆိုရင်တော့ Account က ပျက်မှာမဟုတ်ပါဘူး..။
အဆင်ပြေပါစေဗျား

Huawei Unlock Tools များ...

(Huawei Model U8651T ကို Unlock လုပ်ထားတဲ့ ပုံပါ)
(Huawei Model U8651T ကို Unlock လုပ်ထားတဲ့ပုံပါ)

ဒီအောက်က Tool တွေကတော့ Device နဲ့ ကွန်ပျူတာ ချိတ်ဆက်ဖို့ လိုပါတယ်... 
FMC Unlock.zip[1.79 mb]
 
huawei_flasher_1.6.zip[191.38 kb]
MobileDoctor.zip[5.22 mb]
 
CDMA_Workshop_2.7_FULL.7z[4.63 mb]

HUAWEI MODEM Code Writer.exe[878.5 kb]