Saturday, November 16, 2013

Android ဖုန်းထဲက မလိုချင်တဲ့ Google Account ကိုဖျက်မည့် App

ဒီဆော့ဝ်ကတော့သူငယ်ချင်းဖုန်းတွေမှာ Google account ထည့်သုံးပြီးတော့ Setting >Accounts & Sync ထဲကနေ Remove လုပ်မရတဲ့ ဖုန်း
တွေအတွက်ပါ။ကျွန်တော် တို့ လို services သမားတွေအတွက် အလွယ်တကူ ဖျက်နိုင်ပေမယ့် ပုံမှန် User အနေနဲ့ တော့ခက်ခဲပါတယ်။
အရင်တုန်းက တင်ခဲ့တဲ့အတိုင်း Root Explorer သုံးပြီး /data/system/ အောက်ထဲက account.db ကိုဖျက်လိုက်လည်းရပါတယ်။
သို့ ပေမယ့် account.db ကိုဖျက်လိုက်ခြင်းအတွက် contact တွေပျောက်မယ်။အဲ့နောက် အခြေားအကောင့်တွေရော အကုန်လုံးပျက်သွားပါမယ်။
အခုဆော့ဝ်ကတော့အဲ့လိုမဖြစ်ပဲမိမိဖျက်ချင်တဲ့ account လေးကိုပဲရွေးပြီးဖျက်ရုံပါပဲ။
သုံးပုံသုံးနည်းကတော့လွယ်ပါတယ်။ဆော့ဝ်လိုဖွင့်လိုက်ရင် super user access လာတောင်းပါမယ်။Grant or Allow လုပ်ပေးလိုက်ပါ။
ခဏစောင့်ပြီးရင် မိမိဖုန်းထဲမှာ သုံးထားတဲ့ account list ပေါ်လာပါမယ်။ အဲ့ဒီထဲကမှ မိမိပယ်ဖျက်ခြင်တဲ့ account ကိုဖိထားပြီးတော့ Delete ဆို
တာကိုနှိပ်ရုံပါ။ပြီးသွားရင် restart ဆင်းပါ။ဖုန်းပြန်ပွင့်လာရင် setting>account&sync ထဲမှာ ခုဏကဖျက်လိုက်တဲ့ အကောင့်မရှိတော့ပါဘူး။










့http://www.mediafire.com/?gylg59hk4nmsk79

No comments:

Post a Comment