Sunday, March 30, 2014

Huawei C8815 Invalid Card Error ရှင်းမယ်

C8815 MEID/PESN ပေါ်ပီး Invalid Card ပြပီး နက်ဝက်လုံးဝသုံးမရ
တဲ့သူတွေအတွက် ရှင်းစရာနည်းလေးပါ................
ရှင်းတဲ့နည်းလေးမပြောခင် ကျွန်တော်ဖြစ်ခဲ့တဲ့အရာလေးကို အရင်
ပြောပြပါမယ် ဒါမှလည်း ကိုယ်နဲ့ဖြစ်ပျက်ပုံတူမတူ သေချာလေး သိရ
အောင်လို့ပါခင်ဗျာ........ကျွန်တော့်လက်ထဲကို C8815 တလုံးရောက်လာ
တယ် (၀ယ်မိလိုက်တာပါ) error ပါလာပါတယ်..........
သူ့ error က ပါဝါဘက်တန်ကို ကြာကြာဖိထားရင် reboot ဖြစ်သွားပါတယ်
နောက်ပိုဆိုးတာက ကွန်ပြူတာနဲ့ချိတ်ဖို့ usb ကြိုးထိုးလိုက်ရင် reboot ဖြစ်
သွားပါသေးတယ်...................fastboot ကိုဝင်ပြန်တော့လည်း ကွန်ပြူ
တာက လုံးဝမသိပါဘူး ......... ကျွန်တော်တော်တော်လေးကိုစိတ်ပျက်သွား
မိပါတယ်................. သူတင်ထားတဲ့ Build က B135 ပါ.................
vroot နဲ့ root ရင်းဖြစ်သွားတယ်လို့ ထင်ပါတယ်...........................
135 ကနေ ကျွန်တော် 128 ကိုဆင်းဖို့ ကြိုးစားမလို့ပါ.....အဲလို usb error
ဖြစ်နေရင် ကျွန်တော် ပြန်ဆင်းဖို့ တော်တော်အခက်ဖြစ်နေပါပီ....
အဲလိုအချိန်မှာ လိုင်းပေါ် ကိုဟိန်းမောင်တက်လာတာနဲ့ဘဲ ဆရာဟိန်းမောင်
ဆီကိုအကူအညီတောင်းလို့ သူက ဆင်းလို့ရဖို့ dload ဖိုင်လေးလင့်ပို့ပေး
ပါတယ် ...............ဒီမှာပါ

http://download1450.mediafire.com/471j5mlrlbig/yc952lwwabvb6vi/C8815+network+repair+dload.rar

သူ့ dload ရမှဘဲ ကျွန်တော်လည်း 128 ကို ပြန်ဆင်းလို့ရပါတော့တယ်...
128 ပြန်ဆင်းလိုက်တော့ အစောက ပါဝါဘက်တန်ကြာကြာဖိထားလဲ
reboot ပြန်မလည်တော့ဘဲနဲ့ ပုံမှန်ပြန်ဖြစ်သွားပါတယ်................
ဒါပေမယ့် ကဒ်ထည့်ရင် Invalid Card ဆိုပီးတော့ဖြစ်သွားပါတယ်....
သူငယ်ချင်းဆီက 73 ကဒ်ထဲ့ပီးစမ်းပါတယ် မရပါဘူး....... Invalid ပါဘဲ
ကျွန်တော် အကောင်းတလုံးယူပီး Build.prop တိုက်ကြည့်ပါသေးတယ်
အကုန်အတူတူပါဘဲ .......... .......... နောက်ဆုံးမှာ ယခုနည်းကို သွားတွေ့ပါတယ်................ယခုလိုအဆင်မပြေခင် ကျွန်တော် ၂ ရက်
တိတိ တိုင်ပတ်နေခဲ့ပါတယ်....................

=====================================
C8815 B135 တင်လိုက်ချလိုက်လုပ်ရင်းနဲ့ Invalid Card ဖြစ်သွားတဲ့

သူတွေ 135 ကနေ တခြားဖန်းဝဲတခုခုကို ပြန်ဆင်းထားပီး Card က

Invalid Card ဖြစ်နေတယ်ဆို ဒီအောက်ကလင့်ကနေ ဖိုင်လေးကို

http://www.4shared.com/get/nUkwK9Mz/C8815_3G_fix.html?sd=true

ဒေါင်းပီး bat ဖိုင်လေးကို run ပေးလိုက်ပါခင်ဗျာ..............................

ကျွန်တော်ကတော့ B130 မှာစမ်းထားတာပါ တခြား Build တွေမှာလည်း

အဆင်ပြေမှာပါ.......... ဖုန်းလေး ပြန်တက်လာတာနဲ့ Inavlid Card ဆိုတာ

ပျောက်ပီးတော့ 41403 ဆိုတာလေး သင့်ဖုန်းပေါ်ကို တန်းပီးတက်လာပါ

လိမ့်မယ်ဗျာ............................................

www.naylinaungmdy.blogspot.com

Lenovo K900 Firmware


Lenovo K900 Firmware လေးပါ facebook က သူငယ်ချင်းတစ်ယောက်က တောင်းထားလို့ သူငယ်ချင်းများလဲ အသုံးပြုလို့ရအောင်ပြန်လည်မျှဝေပေးတာပါ။ လိုချင်တဲ့သူငယ်ချင်းများ အောက်လင့်လေးက ဒေါင်းသွားကြပါခင်ဗျာ။ သုံးမျိုးတင်ပေးထားပါတယ်။

K900 ROM MUTI ROOT
>> Download <<

K900_1_S_2_019_0104_130827  633.75 MB

>> Download <<

637.52 MB

>> Download <<
Original Post-http://www.kokowynnpyay.com/2014/01/lenovo-k900-firmware.html

Lenovo A850 Firmware

firmware ရှာဖို့ အခက်အခဲဖြစ်နေတဲ့သူငယ်ချင်းအတွက် ပြန်လည်ဝေမျှပေးတာပါ အသုံးလိုတဲ့ သူငယ်ချင်းများ အောက်ကလင့်လေးက ဒေါင်းပါ။

>> Download <<

LENOVO A - 690 လိုင်းပျောက်ရှာခြင်းမှတ်တမ်း ( မြန်မာ PDF )

To Fix Huawei boot logo,notificaltion toggle,reboot option error

C8813 & C8813D တွေမှာ အဖြစ်များတဲ့  
boot logo,notificaltion toggle,reboot option error  တွေကိုရှင်းပြထားတဲ့
Video File လေးပါ။
သိပြီးသားဆိုရင်တော့ ကျော်သွားလိုက်ပါ။
ကျတော့်လိုမသိသေးသူတွေအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်။
လိုအပ်မယ်ဆိုရင်တော့.......

                                    











Saturday, March 29, 2014

Samsung Factory mode remover


အပေါ်ကပုံမှာ ဖြစ်နေတဲ့အတိုင်းလေး သင့်ဖုန်းမှာဖြစ်နေတယ်ဆိုရင်

ဖြေရှင်းပေးဖို့ အတွက် ဒီ file လေးကိုပြန်လည်မျှဝေပေးလိုက်ပါတယ်။

ဘယ်လိုလုပ်ရမလဲဆိုတော့ Phone ကို USB debugging on ပေးပြီး ...

 Download ဆွဲလို့ရလာတဲ့ 

Samsung Factory mode remover.rar file လေးကို ဖြည်ပြီးလို့

ထွက်လာတဲ့ Folder ထဲက Factory_Mode_Remover.exe လေးကို Run ပေးလိုက်ပါ။

Enter တစ်ချက်ခေါက်ပေးလိုက်ပါ။

phone မှာ Reboot ကျပြီး ပြန်တက်လာရင် အဆင်ပြေသွားပါပြီ။

လိုအပ်တဲ့အချိန်အဆင်ပြေအောင် ပြန်လည်မျှဝေပေးလိုက်ပါတယ်။

လိုအပ်မယ်ဆိုရင်တော့.......



                          


ကျွန်တော်မျှဝေပေးလိုက်တဲ့ ဟာလေးက တစ်စုံတစ်ယောက်အတွက်
အကျိုးဖြစ်မယ်ဆိုရင် ကျွန်တော်ကျေနပ်ပါတယ်။
www.naylinaungmdy.blogspot.com

Huawei U2800 Keypad လေး Firmware ပြန်တင်ရအောင်

အရင်ဆုံးအောက်မှာပေးထားတဲ့ဖိုင်လေးကိုdown လိုက်ပါ...

Down လို့ ရတဲ့ ထဲမှာ Doc နဲ့ Ver ပါပါတယ်

SD Card Format ချပါ Folder ဆောက်ပြီး update လို့ နာမည်ပေးပါ

Ver Folder ထဲက File တွေအားလုံး update Folder ထဲထည့်ပါ

Phone ကို 8+Power တွဲနှိပ်ပါ

သူ့ပါသူအလုပ်လုပ်သွားပါလိမ့်မယ်

အဆင်ပြေကြပါစေခဗျာ...


Download Here 

Huawei ဖုန်းတွေမှာ Gmail, Gtalk , Google Play တွေ အလုပ်မလုပ်ရင် ဖြေရှင်းနည်း

Huawei ဖုန်းတွေမှာ Gmail, Gtalk , Google Play တွေ အလုပ်မလုပ်ရင် ဖြေရှင်းဖို့ နည်းလမ်းကောင်း တစ်ခု ပြောပြချင်ပါတယ်.. အားလုံးအတွက် အဆင်ပြေ၊ မပြေမသိရပေမယ့် တော်တော်များများအဆင်ပြေပါတယ်.. phone က root access ရှိဖို့လိုပါတယ် root ၇ှိရင်တော့  root explorer သုံးပြီး system/etc ထဲက hosts ကို delete လုပ်ပေးပါ google app တွေကိုလည်း clear data လုပ်ပေးပြီး restart လုပ်ပေးပြီး ပြန်ဝင်ကြည့်ပါ

SONY XPERIA FONT INSTALLER v1.0.4

Sony 2.3.6 ကနေ 4.3 အထိ support ပေးပါတယ်

SONY အတွက်အဓိကပြုလုပ်ထားပါတယ်၊
အခု Version မှာ SONY XPERIA FONT INSTALLER v1.0 မှာ 2012 ICS(4.0.4)အတွက် ( -ျ ) အပေါ်မတက်အောင်လုပ်ပေးဖို့ကျန်သွားတာကိုပြန်ပြင်ပေးထားပါတယ်။
(Android 4.3 များအတွက် SONY font ကိုထပ်ဖြည့်ထားပါတယ်)
4.3 သုံးတဲ့သူတွေက နံပါတ် ၈ က SONY font ကို Install လုပ်ရမှာပါ၊ အခြားဖောင့်သုံးရင် -ျ -ာ တွေ ကပ်နေတာမျိုးဖြစ်မှာပါ၊
4.1 နှင့်အထက်ရှိတဲ့ဖုန်းတွေက နံပါတ်စဉ် ၂ နဲ့ မြန်မာစာအလွဲများပြင်ရန် လိုအပ်ပါမည်၊

မည်သည့် Font မှ မပျက်စေဘဲ မိမိအသုံးပြုချင်သည့် Font အမျိုးအစားကို ရွေးချယ်သုံးနိုင်အောင်စီစဉ်ထားပါတယ်
မြန်မာစာလွဲနေတဲ့အခါ ပြင်ပေးဖို့ ထပ်ဖြည့်ထားပါတယ်( Credit to: ကိုကျော်ဇောနိုင်)၊ မြန်မာလွဲနေတာလေးတွေ မှန်သွားမှာဖြစ်ပါတယ်။

Font Installer မှာ ရွေးချယ်စရာ ၀ မှ ၁၁ အထိ အဆင့်(၁၂) ခုရှိပါတယ် ။

နံပါတ်စဉ် ၀ က ဖတ်ရန် မှတ်စု
နံပါတ်စဉ် ၁ Bagang Keyboard Install လုပ်ရန်
နံပါတ်စဉ် ၂ မြန်မာစာအလွဲများပြင်ရန်
နံပါတ်စဉ် ၃ SmarZawgyiPro font ကို Install လုပ်ရန်
နံပါတ်စဉ် ၄ SmartZawgyi v3.0 font ကို Install လုပ်ရန်
နံပါတ်စဉ် ၅ DanceZawgyi font ကို Install လုပ်ရန်
နံပါတ်စဉ် ၆ Flower Font ကို Install လုပ်ရန်
နံပါတ်စဉ် ၇ Sanpya Font ကို Install လုပ်ရန်
နံပါတ်စဉ် ၈ SONY font ကို Install လုပ်ရန် (Android 4.3 များအတွက် )
နံပါတ်စဉ် ၉ ZawgyiGhost Font ကို Install လုပ်ရန်
နံပါတ်စဉ် ၁၀ မြန်မာစာအလွဲများပြင်ရန် နံပါတ်စဉ် ၂ ကိုလုပ်ဆောင်ပြီးနောက် App error များဖြစ်လျှင်၊ Libharfbuzz.so ကို restore ပြန်လုပ်ရန်။
နံပါတ်စဉ် ၁၁ ဖုန်းကို Reboot ပြုလုပ်ရန်
နံပါတ်စဉ် ၁၂ FONT INSTALLER ကို Exit လုပ်ရန်

မှတ်ချက်။ နံပါတ်စဉ် ၃ မှ ၉ အထိသည် font install လုပ်ရန်ဖြစ်သည်။ နှစ်သက်ရာ နံပါတ်စဉ်က font အမျိုးအစားတစ်ခုပဲ install လုပ်ရန်လိုအပ်ပါသည်။


SONY Android version ICS(4.0.x) မှ JB(4.1.x)(4.3) အထိ လုပ်ဆောင်နိုင်ပါတယ်

ဒီနည်းလမ်းက
၁။ ( -ျ ) တွေလည်း အပေါ်တက်တာမျိုးမဖြစ်ပါ။
၂။ မည်သည့် system font မှလည်းမပျက်စေပါ။

Download Here >>

http://www.mediafire.com/download/7iycc1joj9a2nnw/SONY_Zawgyi_Installer_v1.0.4.zip

http://d-h.st/M9g

huawei T5050 keypad ဖုန်းတွေ အတွက် firmware ပြန်တင်နည်း

Huawei T5050 keypad phone အတွက် firmware file တင်ပေးလိုက်ပါတယ်။
driver,upgrade tool, firmware file အစုံပါပါတယ်။ ဤ firmware file ကို
http://bbs.eastsea.com.cn/forum.php
ECT box forum မှ gold ပေးပြီးဝယ်ထားတာပါ။
ဖုန်းကို Power ပိတ်၊ battery ဖြုတ်ပြီး အောက်မှာပေးထားတဲ့ပုံပါ key ကိုနိပ်ထားပြီး computer ဖြင့် usb ကြိုးထိုးပါ။ ထို့နောက် 
battery ပြန်တပ်၊ driver တောင်းရင် driver ထဲ့ပေးလိုက်ပါ။ သူ့မှာပါတဲ့ upgrade tool ဖြင့် ရေးပြီးရင် ရပါပြီ။

down ရန်>>>> http://d-h.st/qjn

Huawei G606 T00 Step 2 Fail အတွက် Firmware

Download pCloud 227.4MB
Download Link 227.4MB

Bagan Font Changer for andriod

BAGAN Innovation Technology က ထုတ်တဲ့
bagan font changer ကတော့ bagan font ကို အသုံးပြုထားတာဖြစ်ပါတယ်။
bagan keyboard နဲ့ သုံးရင်တော့ ပိုအဆင်ပြေမယ်လို့ပြောပါတယ်။
ဘာသာစကားအနေနဲ့
ရှမ်း။ မြန်မာ နဲ့ အင်္ဂလိပ် ဘာသာစကားသုံးမျိုးကို အသုံးပြုနိုင်တယ်လို့ သိရပါတယ်...။
လိုချင်တယ်ဆိုရင်တော့အောက်မှာDownload ရယူနိုင်ပါတယ်...
Download Google Play
Download Direct Links

Huawei C8813 no invalid sim build number 166 to 177

Huawei c8813 မှာ OTA Updateလုပ်မိလို.ပဲဖြစ်ဖြစ်
imei ပျောက်နေလို.လိုင်းမတက်တာပဲဖြစ်ဖြစ်
လိုင်းတက်သော်လဲ3g မတက်ပဲ 1X တက်နေတာပဲဖြစ်ဖြစ်
sim invalid ဖြစ်နေတာပဲဖြစ်ဖြစ်
build number 169အောက်ကို downgreadပြန်ဆင်းစရာမလိုတော.ပါဘူးခင်ဗျာ
အချိန်ကုန်သတ်သာသွားတာပေါ.
buind number 166မှ 177အထိရပါတယ်ချင်ဗျာ

ဒီtoolလေးက သင်.ကို အချိန်ကုန်သတ်သာအောင်ကူညီပေးပါလိမ်.မယ်

အသုံးပြုနည်းကတော.လွယ်ပါတယ်
သင်.ရဲ.ဖုန်းကို rootလုပ်ထားရုံပါပဲ
usb debugging unknown source onထားပါ
pcနဲ. usbချိတ်ဆက်လိုက်ပါ
ဒေါင်းလို.ရလာတဲ.ထဲက Huawei C8813 Phone Call
ဆိုတာလေးကို run လိုက်ပြီး
နံပါတ် 1ကိုနှိပ်လိုက်ပါ
ဖုန်းက rebootကြပြီးပြန်တက်လာရင် sim cardထည်.ပြီးအသုံးပြုလို.ရပါပြီ

Download Mediafire 12.26MB

Download pCloud 12.26MB

Download Davvas 12.26MB
Download Miloshare 12.26MB.
 
အဆင်ပြေပါစေ ကျေးဇူးတင်ပါတယ်

Friday, March 28, 2014

Huawei Y535-C00 ကို root မလိုပဲ မြန်မာလိုမြင်ရပြီ။...

Huawei Y535-C00 ကို Root လုပ်စရာမလိုပဲနဲ့ Myanmar Font ကို

နေရာအစုံမှာ မြင်ရအောင် သွင်းလို့ရမဲ့ .bat file လေးတစ်ခု ဝေမျှပေးလိုက်ပါတယ်။

တော်တော်ခေါင်းစားခဲ့ရတဲ့ Y535-C00 လေးပါ။

ခုတော့ Developer တစ်ဦးရဲ့ .bat file လေးကြောင့် မြန်မာစာလေး မြင်ခဲ့ရပါပြီ။

ကျတော် Developer name ကိုတော့သေချာ မသိတော့လို့ သက်ဆိုင်သူ အားလုံးကို

credit ပေးပါတယ်။

လုပ်ရတာလဲ မခက်ပါဘူး ... Phone ကို Debugging mode on ပြီး PC နဲ့ connect 

လုပ်ပေးပြီး .bat file လေး ဖွင့်လိုက်တာနဲ့ သူ့ပါသာ အလုပ်လုပ်ပေးသွားပါတယ်။

Reboot ကျပြီးပြန်တက်လာရင်တော့ Myanmar Font ရရှိပါပြီ။

Keyboard ပါမလာရင် နှစ်သက်ရာ Keyboard ထည့်ပြီး အသုံးပြုနိုင်ပါပြီ။

Tuesday, March 25, 2014

OndaTablet v971 ကို Stock Firmware 4.0.3 ပြန်တင်မယ်

ကလိကလိလွန်ရင်းးး Firmware ဟန်းးးစက်ရုပ်လေးကမတက် …ပြီးတော့အကြောင်း အမျိုးမျိုးကြောင့်ပြန်တင်ချင်တဲ့လူတွေအတွက်ပါ….

အရင်ဆုံးလိုအပ်တဲ့ Firmware zip လေးတွေကိုဒေါင်းလိုက်…ပါ

Onda v971 stock Firmware ယူရန် http://file2.mydrivers.com/ondata/download/driver/oamp3/V971D/V971D_v1.5.5.zip
..ပြီးရင်…. Device manager ခေါ်ပါ…[My Computer ကို Right click>manage နှိပ်ပြီးပဲခေါ် Wimndows+R နဲ့ ပဲခေါ်ခေါ်အဆင်ပြေသလိုခေါ်ပါ..] Device manager>Universal Serial Bus Controllers ကိုသွားပါ။ USB Root Hub တိုင်းကို Right Click နှိပ်>>roperties>>ower Management >>Allow this computer to turn of this device to save power မှာအမှတ်လေးကိုဖြုတ်ပေးပါ…

ဒေါင်းလို့ရလာတဲ့ဖိုင်ကို Desktop ပေါ်မှာ Floder တခုဆောက်ပြီးဖြည်ထားလိုက်ပါ….. အောက်ကပုံထဲကအတိုင်း ရပါမယ်….USB-Burning-tool-SPI Floder ထဲဝင်လိုက်ပါ…

ImageBurnTool.exe လေးကို Run ပေးလိုက်ပါ…Tool ကတရုတ်စာနဲ့တက်တာဆိုတော့တရုတ် language နဲ့ပဲပြပေးသွားပါမယ်…. Language ချိန်းချင်ရင်တော့အောက်ကပုံလေးအတိုင်း.. English လိုချိန်းလို့ရပါတယ်…..

ပုံ ၁ အတိုင်းဆက်လုပ်ပြီးးး Resource…v971D_v 1.5.5.zip လေးကိုရွေးပေးလိုက်ပါ..ပုံ ၂ အတိုင်းရသွားပါမယ်….

Tablet ကိုပါဝါပိတ်လိုက်ပါ….Home Button နှိပ်ပြီးးး USB ထိုးလိုက်ပါ….ပြီးမှ Power နှိပ်လိုက်ပါ….လေးစက္ကန့်လောက်ပါ…ကွန်ပြူတာမှာ Driver တောင်းပါလိမ့်မယ်…. USB-Burning-tool-SPI>> AmlogicusbBurningdriver>>ကိုညွန်းပေးပြီး Driver သွင်းပေးလိုက်ပါ..[ windows ပေါ်မူတည်၍ရွေးပါ….] Driver သွင်းပြီးလို့ ကွန်နဲ့ဖုန်းသိသွားပြီဆိုရင် ပုံ ၃ အတိုင်း ပေါ်နေပါမယ်..

အဲတာဆိုဝိုင်းပြထားတဲ့ခလုတ် [Start (开始) ] လေးနှိပ်ပေးလိုက်ပါ…..Firmware တင်နေပါပြီ…အောက်ကပုံအတိုင်းအပြာတန်းလေးပြည့်ပြီဆိုရင်ရသွားပါပြီ….. Power ဖွင့်လိုက်..ပါ…

ကဲ Power ပြန်တက်လာပြီးးအကောင်းအတိုင်းပြန်ရပါပြီ….အကယ်၍တင်နေရင်းးး Fail ပဲပြပြနေရင်တော့ Start ခလုတ်အောက်က Stop ခလုတ်လေးနှိပ်ပါ….USB ကြိုးဖြုတ် Run ထားတဲ့ Burning tool ကိုပိတ်…USB ပေါက်ပြောင်းထိုးပြီးအစကပြန်စပါ…..ဇွဲမလျှော့ပါနဲ့… ဘာမှမတတ်တဲ့ကျနော်တောင်ဇွဲမလျှော့ပဲလုပ်တာ ၁ နာရီလောက်အကြာမှာ…. အဆင်ပြေသွားပါတယ်…. ကိုယ်တိုင် စမ်းထားပီးသားနော်

Sunday, March 23, 2014

Phone Bill ကုန်မှာစိုးလို့ Miss Call ပေးချင်သူများအတွက် - Miss Call Maker v1.7 Apk

Cover art

အခု Application လေးကိုတော့ Phone Bill မလောက်တော့တဲ့အချိန်တွေမှာ Miss Call ပေးနိုင်ဖို့နဲ့ ကပ်စေ နည်းသူတွေအတွက်အသုံးဝင်တာပေါ့ဗျ။ Miss Call Maker အကြောင်းမသိရင်တော့ ပြောကြမှာပါ ဖုန်းတိုင်း မှာလည်း Miss Call ပေးတာ Application မလိုဘဲ ပေးလို့ရတယ်လို့ ဝေဖန်ကြမှာပါ။ ကျွန်တော်ကိုယ်တိုင် လည်းမသုံးကြည့်ခင်ကတော့ ဒီလိုဝေဖန်ဖူးပါတယ်။ သုံးကြည့်လိုက်တော့မှ သဘောကျလို့ မျှဝေပေးလိုက် တာပါ။ ဒီကောင်လေးက ဖုန်း Ring Tone တောင်မမြည်ခင်မှာ ဖုန်းကို Auto Call End လုပ်လိုက်တာပါ။ ဖုန်း နှစ်လုံးသုံးပြီးစမ်းကြည့်ပြီးပါပြီ ဘယ်လိုမှ ကိုင်လို့မရပါဘူး။ Miss Call ဖြစ်ဖြစ်သွားတယ်ဗျာ။ အသုံးပြု ရတာလည်းလွယ်ကူပါတယ်။ ဖုန်းခေါ်သလိုပါဘဲ Application လေးထဲဝင်ပြီး Miss Call ခေါ်ဆိုချင်တဲ့ဖုန်း ကိုရွေးပြီး GIVE A BUZZ ကိုနှိပ်လိုက်ရုံပါဘဲ။ Miss Call ဖြစ်တာနဲ့ End Call ကိုအလိုလျှောက်နှိပ်ပြီးသားဖြစ် သွားမှာပါ။ မိုက်တယ်နော်။ File Size ကလည်း 729KB ပဲရှိပါတယ်။ အောက်မှာဒေါင်းယူနိုင်ပါပြီဗျာ။

ဒေါင်းလုပ် Link တော့မဟုတ်ပါ။ သို့ပေမယ့် Click တစ်ချက်လောက်နှိပ်ပေးမယ်ဆိုရင် ကျွန်တော့်ကိုအများကြီးကူညီရာရောက်ပါတယ်ဗျာ

Missed Call Maker - screenshot thumbnail 
 **  Step-1.အောက်က Download Button ကိုနှိပ်လိုက်ပါ  
**  Step-2. "5sec". လောက်စောင့်ပေးပါ။

**  Step-3. "  << SKIP AD >>   ".ကိုနှိပ်ပေးပါ။
**  Step-4. Download Link ကျလာပါလိမ့်မယ်။
**  အဆင်ပြေပါစေဗျာ။

Download

Huawei ဖုန်းတွေကို Cricket PST နဲ့ Firmware တင်ရအောင်

Mobile Software Service လေ့လာသူတွေအတွက် ဆောင်ထားသင့်တဲ့ ဆော့ဝဲလေးနဲ့ နည်းလေးတစ်ခုပါ။ ဒီနည်းလမ်းကို ကိုသိန်းထိုက် (Thein Htite) မှရေးသားတင်ပြထားပါတယ်။
-ပထမဦးဆုံး အဲ့ဆော့ဝဲလေးကို ဒေါင်းလိုက်ပါ >>>> http://www.mediafire.com/download/myay0mwduda5etm/Cricket%20PST%201.0%20Huawei.rar
-ဆော့ဝဲကို စဖွင့်လိုက်တာနဲ့ဖုန်းမော်ဒယ်ရွေးခိုင်းပါလိမ့်မယ်။ ကျွန်တော်ကတော့ M860 ရွေးပါတယ် U8825d ဖန်ဝဲတင်ကြည့်တာ အဆင်ပြေပါတယ်။ (M860 မဟုတ်လဲ စိတ်ထဲထင်တာ တစ်ခု ရွေပေးလိုက်ပါ :D)
-ဖုန်းနဲ့ ကွန်ပျူတာနဲ့ ချိတ်လိုက်ပါ။ဖုန်း usb debugging ဖွင့်ထားဖို့တော့လိုပါမယ်။
-Cricket PST ရဲ့ tab တွေထဲက ပထမဦးဆုံး multiple ဆိုတဲ့ခလုတ်ကို နှိပ်ပါ။
-ပြီးရင် firmware ဆိုတာလေးကို အမှန်ခြစ်လိုက်ပါ ။
-ကိုယ်တင်မယ့် firmware ကိုရွေးပေးလိုက်ရုံပါပဲ။
-ဒုတိယ အနေနဲ့ scan ကို နှိပ်ပါ။
-ပြီးရင် start downlaod ကိုနှိပ်လိုက်ပါ

-ဖုန်းက အလိုအလျောက် ပန်းရောင် စကရင် ဆီရောက်ပြီး firmware တင်နေပါလိမ့်မယ်။
-100% ဆိုရင် ပြီးပါပြီ။ (ကျွန်တော်ပြောတာမရှင်းရင် screen shot ပြထားပါတယ် အောက်က လင့်မှာကြည့်လိုက်ပါ)
-ဖုန်းက restart ကျသွားပါလိမ့်မယ်။ မကျရင် battery ဖြုတ်လိုက်ပါ ။
င်္Firmware တင်လို့ပြီးသွားပြီဖြစ်ပါတယ်။

MTK ဖုန်းတွေ IMEI ပြန်ရေးနိုင်မယ့် ZOPO_IMEI.apk

MTK Device တွေမှာ IMEI ပြန်ရေးနိုင်မယ့် apk လေးတွေ့လို့ပြန်ရှယ်လိုက်ပါတယ် ...
မူရင်းကတော့ IPA Cracker ပါ ... ဒီ apk ကို MTK အတွက်လို့ရေးထားပါတယ် ...
အခြား china ဖုန်းတွေလည်း စမ်းချင်ရင်စမ်းကြည့်ပေါ့ ...
ပုံမှာပြထားတာကတော့ ကျွန်တော့်ရဲ့ ဘက်စုံသုံးဖုန်းလေး Huawei U8825D နဲ့ပြထားပါတယ်ဗျ ...
[မှတ်ချက် - ကျွန်တော်မစမ်းရသေးပါ ... ] 



     ==>  ZOPO_IMEI.apk v.1.3.1<==     

Android 2.1 + ...

အဆင်ပြေပါစေ ...
 

Huawei U8818 နဲ့ U8815 တွေကို 4.0.3 မှ 2.3.6 သို့ ပြန်ဆင်းနည်း။


အရင်ဆုံးကတော့ Just do your own risk! ပေါ့နော်။ သေချာစဉ်းစားပြီး သေချာမှ လုပ်ပါ။
ထပ်ပြောပါမယ် JUST DO YOUR OWN RISK!
အရင်ဆုံး အောက်ကကောင်လေးကို download လုပ်ပါ။
Download>> https://www.sugarsync.com/pf/D0019460_943_94144123
Download>> http://www.mediafire.com/download.php?p58ufjpsr5t096j
Download>> http://mc.tt/d1BB1qPxMLC
အခု အောက်ပြန်ဆင်းချင်တဲ့ 4.0.3 ဟာ Root Access ရရှိပြီးသား ဖြစ်ရပါမယ်။ မဟုတ်သေးရင်တော့ အရင်ဆုံး Root လုပ်လိုက်ပါ။ မိမိ နှစ်သက်ရာနဲ့ Root လုပ်နိုင်ပါတယ်။ အခြားသော နောင်တော်ကြီးများ တင်ပြီးသား ဖြစ်သည့်အတွက် ပြန်မရေးပေးတော့ပါဘူး။ အမြစ်မတူးရသေးတဲ့သူများ ကြိုက်ရာ နည်းလမ်းများဖြင့် အမြစ်တူးပါ။
ကဲ…..အမြစ်တူးပြီးသား ဖြစ်ပြီ ဆိုရင်တော့ ..စမယ်ဗျာ။။။။။။ရယ်ဒီ ၀မ်း…တူး….ဟီး ။
ဒေါင်းလို့ ရတဲ့ကောင်လေးကို zip ဖြည်လိုက်ပါ။ အထဲမှာပါတဲ့ toolbox5irom.apk လေးကို ဖုန်းမှာ install လုပ်ပါ။ ပြီးရင် အဲကောင်လေးကို သုံးပြီး IMEI ကို Backup လုပ်ပါ။(This is important!) အကယ်၍ backup လုပ်တာ မအောင်မြင်ဘူးဆိုရင် သင့်ရဲ့ ဖုန်းဟာ Root Access မရသေးလို့ပဲ ဖြစ်ပါတယ်။
 ဒီနေရာမှာ ကြုံတုံးလေး တစ်ခုလောက်ြေ့ပာပြချင်ပါတယ်။ ကျွန်တော်တို့ Root တယ်။ အမြစ်တူးတယ် ဆိုတာက ရိုးရိုး သာမာန် End User အဆင့်ကနေ Advance User အဖြစ် ပြောင်းလဲ ခံယူလိုက်တာ ဖြစ်ပါတယ်။ အဲဒီလို ယူလိုက်ရင် ဖုန်းမှာ ပါတဲ့ Warranty ပျက်ပါတယ်ခင်ဗျာ။ ဘာလို့လဲဆိုတော့ End User နဲ့ Advance User ရဲ့ အဆင့်ကွားခြားချက်ကြောင့်ပဲ ဖြစ်ပါတယ်။
End User ဆိုတာက သာမာန် အသုံးပြုသူပါ။ သူက နဂိုစက်ရုံထုတ်အတိုင်း အသုံးပြုတာပါ။ ဆိုလိုချင်တာက Android ဖုန်း တစ်လုံးကို သုံးရင် ဖုန်းပြောမယ်။ Builtin ပါတဲ့ App တွေ၊ ဆိုင်က ထည့်ပေးလိုက်တဲ့ ဂိမ်းတွေ ဆော့မယ်။ ကိုယ်ဆော့ချင်တာလေး တွေ့ရင် ဆိုင်မှာ သွားသွင်းမယ် ဆိုတာလောက်ပဲ သိတဲ့၊ သုံးတဲ့ User မျိုးပဲ ဖြစ်ပါတယ်။
Advance User  ဆိုတာကတော့ ကိုယ့်ဖုန်းကို ကိုယ်တိုင် Modify လုပ်နိုင်ပါတယ်။ ကိုယ်တိုင် အမျိုးမျိုး စိတ်ကြိုက် ပြုပြင်ပြောင်းလဲ သုံးစွဲနိုင်တဲ့သူမျိုးတွေပေါ့ဗျာ။ ဆိုရရင် ဖုန်းတော်တော်များများက မြန်မာစာကို Builtin အနေနဲ့ မပါပါဘူး။ အဲဒါကို မြန်မာစာဖောင့်ထည့်သုံးမယ်။အဲဒီလိုထည့်တဲ့နည်းက အမျိုးမျိုး ရှိပါတယ်။ သူ့မှာ နဂို ပါတဲ့ font ကို Modify လုပ်ထားတဲ့ နာမည်တူမြန်မာfont နဲ့ အစားထိုးတယ်။ ဒါမှမဟုတ် zawgyione ကို သွင်းတယ်။ Font Changer သုံးတယ်။ အမျိုးမျိုးသော နည်းလမ်းတွေ ရှိပါတယ်။ ဘယ်လိုနည်းနဲ့ပဲ ဖြစ်ပါစေ။ သူ့ရဲ့ Original System ကို ပြောင်းလဲ လိုက်တာပဲ ဖြစ်ပါတယ်။ အဲဒါကြောင့် Advance User ဆိုတာက End User ထက် အဆင့်ပိုမြင့်ပါတယ်။
ဒီလို ဒီလိုတွေကြောင့် Advance User ဆိုတာက ကိုယ်ကိုယ်တိုင် ပြုပြင်ပြောင်းလဲနိုင်တဲ့အဆင့်ရှိသည်အတွက် Damage Attack တွေ ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် Advance User အဖြစ်ခံယူလိုက်တာနဲ့ တစ်ပြိုင်နက် Warranty က အကျုံးမ၀င်တော့ပါဘူး။
Root လုပ်တာမှာလည်း SuperUser(or) SuperSU app လေး ပေါ်လာတိုင်းလည်း Root Access မရပါဘူး။ အားလုံးမဟုတ်တောင် တစ်ချို့တစ်လေတော့ ကြုံဖူးကြမှာပါ။ အဲဒါဘာကြောင့်လည်းဆိုတော့ SuperUser အလုပ်မလုပ်(မနိုးသေး)လို့ပဲ ဖြစ်ပါတယ်။ ဥပမာပေးရရင်..battery အသစ်တစ်လုံး ၀ယ်တယ်ဗျာ။ တစ်ခါတစ်ရံမှာချက်ချင်း အသုံးပြုလို့ မရသေးဘူး။ Shock တိုက် ပေးလိုက်မှ အလုပ်တဲ့ ပုံစံမျိုးပေါ့ဗျာ။ (ဟီး….SuperUser နိုးဖို့တော့ Shock သွားမတိုက်နဲ့နော်) SuperUser နိုးဖို့ဆိုရင် သူ့ကို version အမြင့် သွင်းပေးလိုက်ပါ။ နိုးလာပါလိမ့်မယ်။
ကဲကဲ…မဆိုင်တာတွေ ထည့်ပြောလိုက်တာ တော်တော်များသွားပြီး ပြန်စမယ်နော်။
Root Access ရပြီးသား ဆိုရင်တော့ toolbox5irom.apk  လေးကို သွင်းလိုက်ပါ။သူ့ကို သုံးဖို့ Root Access တောင်းပါတယ်။ ။IMEI ကို Backup လုပ်ပါ။ ခဏစောင့်ရပါတယ်။ Complete ပြရင် file manager သုံးပြီး SD Card ထဲမှာ 5irom ဆိုတဲ့ ဖိုဒါလေးကို ရှာလိုက်ပါ။ ပြီးရင် အဲဒီဖိုဒါလေးကို imeibackup ဆိုတဲ့နာမည်ကိုပြောင်းပေးပါ။(မိမိနှစ်သက်ရာ နာမည်ကို ပြောင်းနိုင်ပါတယ်)။ နာမည်ပြောင်းပြီးသားကောင်လေးကို Computer မှာလည်း Copy ယူထားပါ။တစ်ခုခု အဆင်မပြေဖြစ်ခဲ့ရင် ယူသုံးလို့ ရအောင်ပါ။အရေးကြီးပါတယ်။ပြီးရင် ဖြည်ထားတဲ့ဖိုဒါထဲမှာပါတဲ့ 5irom ဆိုတဲ့ ဖိုဒါလေးကို SD Card ထဲကို ကူးထည့်ပါ။ ပြီးရင် (*#06#)ကို နှိပ်ပြီး  ဖုန်းရဲ့ IMEI ကို ကြည့်ပြီး ရေးမှတ်ထားစေချင်ပါတယ်။နောက်ပိုင်း ပြန်ပြီး Restore လုပ်တဲ့အခါမှာ ပြန်စစ်ကြည့်ဖို့ပါ။
ကဲ…….အပေါ်က အဆင့်တွေကို တစ်ဆင့်ချင်း သေချာ လုပ်ပြီးပြီလား ဆိုတာလေး ပြန်စစ်ပါ။နောက်ပြီး နောက်ဆုတ်ချင်ရင်လည်း ဒီအချိန်မှာ နောက်ဆုတ်လို့ ရပါတယ်။
ကဲ..ဆက်မယ်နော်။သွင်းထားတဲ့ Toolbox5irom ကို ဖွင့်ပြီး IMEI Restore လုပ်လိုက်ပါ။ Complete ဖြစ်သွားပြီလို့ ပြတာနဲ့ ဖုန်းကို Restart ချပေးလိုက်ပါ။ပြီးရင် IMEI ကို တစ်ချက်ပြန်စစ်ပါ။ 0 ဒါမှမဟုတ် စောနက မှတ်ထားခဲ့တဲ့ သင်ရဲ့ ကိုယ်ပိုင် IMEI မဟုတ်တော့တာ တွေ့ရပါလိမ့်မယ်။ ဖုန်းခေါ်ကြည့်ရင်တော့ SIM Cardကို သိမှာ မဟုတ်ပါဘူးနော်။System Busy နဲ့ပဲ တွေ့နေမှာပါ…..ဟိဟ။ိ
ကဲပြီးရင်တော့ 2.3.6 Official Firmware ကို ဒေါင်းထားပါ။ ဒီနေရာမှာ တစ်ခုပြောချင်တာက build no. နောက်ဆုံးက Bxxx နဲ့ ဆုံးတဲ့ကောင်ကိုပဲ သုံးစေချင်ပါတယ်။ အခြား SPxxx နဲ့ဆုံးတဲ့ကောင်တွေက စက်တိုင်းနဲ့ အဆင်မပြေတတ်လို့ပါ။ ပြီးရင် ထုံးစံအတိုင်းပေါ့နော်။ Firmware ဒေါင်းပြီးမှတော့ ဘာလုပ်ရမလဲ မေးမနေပါနဲ့။ Firmware တင်လိုက်ပါ။ တင်ပုံတင်နည်းကတော့ ထုံးစံအတိုင်း dload ဖိုဒါလေးထဲမှာ UPDATE.APP ဟုတ်ရဲ့လား စစ်။ဟုတ်တယ်ဆိုရင် dload ဖိုဒါလေးကို SD Card ထဲကိုထည့်။ ဖုန်းကို ပါဝါပိတ်။ဘက်ထရီကို ၁၀စက္ကန့်လောက် ဖြုတ်ထား။ ပြီးရင် ပြန်တပ်။ (Vol Down +Vol Up+Power) သုံးခုလုံးကို တစ်ပြိုင်တည်း ဖိနှိပ်။ဒါမှ မဟုတ် ဖုန်းကို ပါဝါဖွင့်ထား။Setting>Storage>Software Upgrade ဆိုတာကနေ တင်ပါ။ Step 1 Unpacking ဆိုတာကနေ စပြီး သူ့ဘာသာ လုပ်သွားမယ်။ Auto Restart ကျသွားပြီး ပြန်တက်လာတာနဲ့ Firmware တင်တာ ပြီးပြီပေါ့နော်။
Root လုပ်ပါ။ Root Access ရတာနဲ့ Toolbox5irom.apk လေးကို install လုပ်ပါ။ စောနလေးက imeibackup လို့ နာမည်ပြောင်းထားတဲ့ ကောင်လေးကို 5irom ဆိုပြီး မူလ နာမည်ကို ပြန်ပြောင်းပေးပါ။ ပြီးရင် Toolbox5irom ကိုဖွင့်။ IMEI Restore လုပ်လိုက်ပါ။ Complete ပြတာနဲ့ Restart ချပေးပါနော်။(လုံးဝမမေ့ပါနဲ့)။ပြန်တက်လာရင် (*#06#) နဲ့ IMEI ကို ပြန်စစ်လိုက်ပါ။ နဂိုမူလ ကိုယ့်ရဲ့ ကိုယ်ပိုင် IMEI ဖြစ်သွားပြီ ဆိုရင်တော့ Downgrade ဆင်းတာ အောင်မြင်သွားပါပြီ။ version လေးကို လည်း ကြည့်ကြည့်ပါအုံး 2.3.6 ဟုတ်မှ ဟုတ်ရဲ့လားလို့ :P ။ဖုန်းပြန်ခေါ်လို့လည်းရပါပြီနော်။
အားလုံးပဲ အဆင်ပြေကြပါစေနော်။

Saturday, March 22, 2014

သင့် iPhone UI ကို အလန်းဇယား လုပ်ချင်ပါက NextGunUI ကိုသုံးပါ

iPhone UI ကိုဖလန်းဖလန်ထအောင်ပြောင်းပေးနိုင်သည့် အကောင်းဆုံး Cydia Tweak လေးပါ ခင်ဗျ ။ ပုံလေးတွေကြည့်လိုက်ပါ ကြိုက်သွားစေရမယ်

NextGunUI ကို bigboss တွင် $2.99 ဖြင်ရောင်းထားသော်လည်း ကျွန်တော် repo မှာ အလကားယူပါ ခင်ဗျ
Cydia>Manage>Sources>Edit>Add>http://cydia.myrepospace.com/komin27/

ရှာမတွေ့တဲ့ ညီ/အကိုများက cydia > changes ကို refresh လုပ်ပေးပါ။ install ပြီးပါက setting >NenGeUI ကို enable လုပ်ပေးပြီး Respring (သို့) Reboot လုပ်ပေးလိုက်ပါခင်ဗျ။

Friday, March 21, 2014

Facebook v 9.0.0.7 for android(latest version)

Facebook သုံးစွဲသူ Android ဖုန်း /Tablet ပိုင်ရှင်တွေအတွက် Facebook version အသစ် Facebook v9.0.0.7for Android ထွက်ရှိလာပါပြီ။ Facebookv 9.0.0.7ကိုအသုံးပြု၍
• Status update များ ၊ ဗီဒီယိုများ ၊ ဓာတ်ပုံများကို share ခြင်း
• Friend များမှ သင့်ရဲ့ပုံ ၊ စာကို Like/Comment ပေးပါက ဖုန်းတွင် notification အချက်ပေးခြင်း
• Friend တစ်ဦးချင်းနှင့် chatting ပြုလုပ်နိုင်ခြင်း ၊ Friend အများကြီးနှင့် group chat ပုံစံပြုလုပ်နိုင်ခြင်း
• Facebook game များကို Facebook for Android ကိုအသုံးပြု၍ဆော့ကစားနိုင်ခြင်း စသည်တို့ကိုပြုလုပ်နိင်မှာဖြစ်ပါတယ်။အခုအသစ်ထွက်ဗားရှင်းမှာ Facebook UI နည်းနည်းပြောင်းလဲလာတာတွေ့ရပါတယ်။
Facebookv9.0.0.7for Android ကိုအောက်က link မှာရယူနိင်ပါတယ်။
ဆော့ဝဲလ်အားရယူရန်
 or

အင်တာနက်ပါပါသည့် ၁၅၀၀ တန်ဆင်းကဒ်များကိုမြန်မာ့ဆက်သွယ်ရေးက လိုသလိုရောင်းချပေးမည်။

မိုဘိုင်းဖုန်း အသုံးပြု သူတွေ အတွက် ၁၅၀၀ ကျပ်တန် ဆင်းကတ် တွေကို ဇူလိုင် ၁ ရက်နေ့က စပြီး
လိုအပ်သလောက် ၀ယ်ယူနိုင်တော့မယ်လို့ ဒီနေ့ထုတ် နိုင်ငံပိုင် မြန်မာ့အလင်းသတင်းစာမှာ ဖော်ပြ
ထားပါတယ်။
မိုဘိုင်းဖုန်း အော်ပရေတာ ကုမ္ပဏီတွေနဲ့ ညှိနှိုင်းချက်အရ အင်တာနက်ပါတဲ့ ဆင်း
ကတ်တွေကို မဲနှိုက်စရာမလိုဘဲ ၁၅၀၀ ကျပ်နဲ့ ရောင်းချသွားမယ်လို့ ဆိုပါတယ်။
နိုင်ငံပိုင် မြန်မာဆက်သွယ်ရေးလုပ်ငန်းအပြင် အော်ရီဒူး၊ တယ်လီနော့နဲ့ ရတနာပုံ တယ်လီပို့စ်တို့က
ဝန်ဆောင်မှု အပြိုင်အဆိုင် ပေးနိုင်ဖို့ လိုအပ်တဲ့ ပြင်ဆင်မှုတွေ ပြုလုပ်နေတာပါ။
နိုင်ငံပိုင် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းအနေဖြင့် ၁ လ ဆင်းကတ်အလုံးရေ ၃ သိန်းခွဲနှုန်း ချပေးပေ
မယ့်လည်း မှောင်ခိုဈေးကွက်တွေ ရှိနေဆဲ ဖြစ်ပါတယ်။
WCDMA ၊ CDMA နဲ့ GSM ဆင်းကတ်များ ကျပ် ၂ သိန်းဝန်းကျင်ဖြင့် စတင် ရောင်းချခဲ့ရာ မှောင်ခိုဈေး
ကွက်တွင် အမျိုး အစား အလိုက် ကျပ် ၃ သောင်းမှ ၅ သောင်း ၀န်းကျင်သာ ရှိတော့ကြောင့် သိရပါ
တယ်။
ဆက်သွယ်ရေးလိုင်စင် အောင်မြင်ထားသည် ကုမ္ပဏီများရဲ့ ၀န်ဆောင်မှု စတင်မည်အချိန်တွင် ဆင်း
ကတ်ဈေးနှုန်း ကျဆင်းလာပြီး မှောင်ခိုဈေးကွက်လည်း ပျောက်ကွယ်သွားမှာ ဖြစ်ပါတယ်။

huawei Y320-U01 မှာဆော့ဝလဲတွေသွင်းလို့ မရခြင်း အကြောင်းသိကောင်းစရာ...

Huawei Y320-U01 မှာ ဆော့ဝဲတွေကို သွင်းရင် Activated nofound ဘဲ
ပြနေတတ်ပါတယ်။အဲဒါဘာကြောင့်လဲဆိုရင် သူရဲ့ နဂိုပါတဲ့ System software
တစ်ခုကြောင့် ဖြစ်နေတာပါ။သူရဲ့ System ထဲက software ကိုလည်း လွယ်လွယ်
ကူကူ ဖြုတ်လို့မရပါဘူးခင်ဗျာ။ဆော့ဝဲသုံးပေးမှ ရမှာ ဖြစ်ပါတယ်။
Huawei Y320-U01 မှာ Vroot နဲ့ ဖောက်ပေမဲ့လည်း Superuser request မပေး
ပါဘူးခင်ဗျာ အဲဒီအတွက်ကြောင့် ကျန်တော်ပေးတဲ့ ဆော့ဝဲလေးကို သုံးပေးပါခင်ဗျာ
Proroot APK ကို သုံးပေးပါ။ APK နဲ့ root ဖောက်ချင်း ဖြစ်ပါတယ်။
Proroot APK နဲ့ root ဖောက်ပြီးသွားရင် Superuser request ပေးလာတာကို တွေ့
ရပါလိမ့်မည်။ပြီးပြီဆိုရင် System_app_remover APK ကို သုံပေး ရပါလိမ့်မည်။
System app remover APk ဆိုတာကတော့ သူရဲ့ နဂိုပါတဲ့ system apk တွေကို
ဒီဆော့ဝဲလေး သုံးပြီး ဖျက်ပြစ်မှာ ဖြစ်ပါတယ်။
အဲဒီတော့ အောက်မှာ ပေးထားတဲ့ တရုတ်စာလေးနဲ့ APK လေးကို System app remover
apk သုံးပြီး ဖျက်ပစ်လိုက်ပါ။အဲဒီ တရုတ်ဆော့ဝဲလေး ပျက်သွားပြီဆိုရင် မိမိထည့်ချင်တဲ့
APK တွေ ထည့်သုံးလို့ရပါပြီ။

Download Here >>
Pro root apk >> ဒီနေရာမှယူပါ။ <<   

System app remover apk >> ဒီနေရာမှယူပါ။ <<  
အားလုံးကိုကျေးဇူးတင်ပါသည်။
www.naylinaungmdy.blogspot.com

Thursday, March 20, 2014

Y210T Root & Wifi Error ရှင်းနည်း

MMSD မှာတွေ့ လို့ ပြန်ရှယ်ယာလုပ်လိုက်တာပါ။
Y210T တွေကို Root ဖောက်တဲ့အခါ Wifi Error တက်ပါတယ်..
ဒီတော့ Wifi Error ကိုဖျောက်လိုက်ရအောင်နော်…
အရင်ဆုံးကိုယ့်ဖုန်းကိုလေ့လာရမှာက Build Number ပါ…
Y210-0010,Android 2.3,V100R001C17B839 ဒီ Build Number ဆိုရင်တော့အဆင်ပြေပြေအောင်
မြင်သွားမှာပါ…
မဟုတ်တဲ့သူတွေကလဲ ဒီ Firmware လေးကို ဒေါင်းပြီးတင်လိုက်ပါ…..
Download Here
ကဲပြီးသွားရင်တော့ Root အရင်လုပ်နည်းရေးပေးလိုက်ပါတယ်…
ဒါလေးကိုဒေါင်းလိုက်ပါ။
Download Here
ကဲဒေါင်းပြီးရင်တော့ ဖုန်းကိုပါဝါပိတ်လိုက်ပါ။
Volume Down + Power နဲ့ ဖိနှိပ်လိုက်ပါ…
ကြိုးထိုးပြီး အပေါ်က Y210T Insecure Boot Changer ကိုနှိပ်လိုက်ပါ…..
Cmd Box လေးကျလာပါလိမ့်မယ်…
Enter နှစ်ချက်သုံးချက်လောက်ခေါက်လိုက်ရင် Reboot ကျသွားပါလိမ့်မယ်…
ပြန်တက်လာရင် ကြိုက်နှစ်သက်ရာ Root Tool နဲ့ Root ဖောက်လိုက်ပါ။
ပြီးရင်တော့ Wifiကို အမှန်ခြစ်ကြည့်မရတော့ပါဘူး…
ဒါဆိုရင်တော့ ဖုန်းကိုပါဝါပိတ်လိုက်ပါ..
Volume Down + power နဲ့ Fastboot Mode ပြန်ဝင်လိုက်ပါ..
ပေးထားတဲ့ Program က အောက်ကစာကြောင်း
Y210Y Stock Boot Changer ကိုရွေးပေးလိုက်ပါ..
ကဲ ဖုန်းက ပြန်တက်လာရင်တော့ wifi ကိုအမှန်ပြန်ခြစ်လို့ရသွားပါပြီ။


Kaspersky Antivirus All Product Keys For PC ( Non-Blacklisted )

အားလုံးပဲမင်္ဂလာပါခင်ဗျာ . . .



Top Antivirus Software တစ်ခုဖြစ်တဲ့ Kaspersky ကို သာမန်အနေနဲ့ တော့ ၀ယ်သုံးရပါတယ်။ ဒါပေမဲ့ ကျနော်တို့လို ၀ယ်မသုံးနိုင်တဲ့သူတွေ အတွက်တော့  အလွန်အသုံးတဲ့လှတဲ့ Kaspersky Antivirus Products အမျိုးမျိုးရဲ့  Activation Keys များကို မျှဝေလိုက်ရပါတယ်။  အောက်ကလင့်မှာ Download လုပ်ပြီးရယူနိုင်ပါတယ်။

** Step-1.အောက်က Download Button ကိုနှိပ်လိုက်ပါ

** Step-2. "5sec". လောက်စောင့်ပေးပါ။

** Step-3. " << SKIP AD >> ".ကိုနှိပ်ပေးပါ။

** Step-4. Download Link ကျလာပါလိမ့်မယ်။

** အဆင်ပြေပါစေဗျာ။





OR


Huawei G730-C00 ကို network unlock နဲ့ Font ထည့်လို့ရတဲ့ .bat file

Huawei G730-C00 ကို network unlock နဲ့ myanmar Font install လုပ်လို့ရမဲ့

installer.bat file လေးတွေ့လို့ပြန်လည်မျှဝေပေးလိုက်ပါတယ်။

ဒီ bat file လေးကို ထုတ်ထားတဲ့သူကိုတော့အတိအကျမသိပါဘူး။

အသုံးပြုဖို့အတွက်တော့ Root permission လေးတော့လိုတာကြောင့် မိမိ phone ကို

Root လုပ်ထားဖို့တော့လိုပါတယ်။

သူပြောထားတာကတော့ original ပါလာတဲ့ china applications တွေကိုဖျက်ချင်ရင်

3 ကိုနှိပ်လိုက်ပါလို့ပြောထားပါတယ်။

original application တွေကိုဖျက်လို့ has stopped တွေပြလာရင် restart လုပ်ပေးလိုက်ရင်

အဆင်ပြေသွားပါမယ်လို့လဲ ပြောထားပါတယ်။

နံပါတ် 1 ကတော့ network unlock လုပ်ရန်ဖြစ်ပြီး ...

နံပါတ် 2 ကတော့ Myanmar Font install လုပ်ရန်ဖြစ်ပါတယ်။

စိတ်ဝင်စားကြတယ်ဆိုရင်တော့.......


                                                             





★★Beauty Booth Pro v2.0 APK Full (All Android)★★

မိမိမျက်နှာကိုစိတ်ကြိုက်ကာတွေချယ်လို့ရသည့်အပြင်မျယက်နှာပးနီနှုတ်ခမ်းကအစကလာရောင်မျိုးစုံ
ကိုယ်ကြိုက်သလိုပြု ပြင်ပြီးနောက်အရောင်တွေနဲ့ကာလားတွေကိုလည်းစိတ်ကြိုက်ထည့်သွင်းနိုင်သည့်
App လေးပဲဖြစ်ပါတယ်။ပြီးတော့ပုံတွေကိုလည်းကြိုက်သလောက်ခွဲပီးစတိုင်မျိုးစုံလုပ်လို့ရပါသေးတယ်။
effects  တွေလည်းများစွာပါပါတယ်။အောက်မှာပုံတွေနဲ့ပြထားပါတယ်ကြာ့်လိုက်ရင်သဘောကျသွားပါမယ်။





Discover the nature beauty of your face with Beauty Booth’s magic touch.
Beauty Booth is the science everyone wanted; it brings life and shine to your moments!
The eyes and the skin are the parts of a human body that appeal the most. You won’t argue how important the role of the eyes when it comes to attracting others. Beauty Booth brings life to your eyes making them the key attraction of your photos. You will also be able to use the filter effect that automatically analyses and optimizes the tone of your skin according to the surrounding environments. Of course acne, scars and freckles on your face will disappear perfectly!
One more thing, we offer you a lot of cool emoticons and speech bubbles you can use for the make-over. Beauty Booth helps you find the beauty inside you!
Recommended to those who say:
- To be honest, I am much better looking. Photo science needs improvement.
- I want my face to shine splendidly.
- My dark circles look awful and ever bigger in the pictures.
- I miss my clean face without acene, freckles!
- How come I look this old in the pictures?
- I desperately need a cool Facebook profile pic!
- A nice profile pic will help me date someone!
Don’t miss this great opportunity. Find the beauty inside you and spread it to your Facebook and Instagram networks. Beauty Booth will make you a way to the beauty you’ve always wanted. You will definitely praise its quality!
◆ Special features
- Sharing feature to Instagram, Facebook, Twitter, KakaoTalk etc
- Face detection
- 24 attractive-eyes-effects
- Location and size control of the eyes
- 32 beauty-filter-effects and real-time count control
- Skin Smoothing and skin tone correction
- Hundreds of stamps and speech bubbles
- Making a stamp with your photo
- 35 stylish photo borders
- Adjust border roundness and thickness
- Compare with an original photo
We are waiting for your feedback :) Thank you!

ကျွန်တော်တင်သမျှပိုစ့်တွေ Facebook ကနေရယူချင်တယ်ဆိုရင်  ဒီမှာ Like နှိပ်ပါ။
မန်ဘာဝင်ခဲ့ခြင်းဖြင့် ပိုစ့်အသစ်တင်တိုင်း မိမိ Gmail ထဲကိုတိုက်ရိုက်ရောက်ရှိမည်ဖြစ်ပါသည်။
ထို့ကြောင့်မန်ဘာဝင်ခဲ့ဖို့ဖိတ်ခေါ်ပါတယ်။

 

Download Google Play


http://mm-knowledgeinfo.blogspot.com/2014/02/inpixio-photo-filters-and-effects.html
 

ဘာကြောင့် LinkedIn သုံးသင့်လဲ

LinkedIn ဟာ သာမန် Social Media နဲ့ မတူပဲ Professional Social Media လို့ အားလုံး အသိအမှတ်ပြုထား ပါတယ်။ အသုံးပြုသူ သန်းပေါင်း များစွာ ရှိပြီး အသုံးပြုကြတဲ့ ရည်ရွယ်ချက် ကလည်း အခွင့်အလမ်း ရှာဖွေ ခြင်း အတွက်ပဲ ဖြစ်ပါတယ်။ မြန်မာပြည်မှာ အသုံးပြုနေသူများလည်း ရှိပြီး ယင်းကနေ အခွင့် အလမ်း ပေါင်း များစွာ ရရှိ နေပါတယ်။ Telenor, Ooredoo အပြင် ပြည် တွင်း ဝင်လာတဲ့ ကမ္ဘာ့ အင်အားကြီး ကုမ္မဏီများဟာ လုပ်ငန်း ရှာဖွေ ဖို့ အတွက် LinkedIn ကို အသုံးပြုနေပါတယ်။ အကြောင်း ကတော့ LinkedIn ကနေ တကယ် အရည်အချင်း ပြည့်ဝတဲ့ လုပ်သားများ ရှာဖွေရ လွယ်ကူ တယ်လို့ ယုံကြည်ခြင်း ဖြစ်ပါတယ်။ ဒါကြောင့်မို့ လူတိုင်း အသုံးပြုသင့် ပါတယ်။ အလုပ်ရှာရဖို့ အတွက် လည်း အသုံးပြုနိုင်သလို၊ လုပ်သား ရှာဖို့ အတွက်ကော www.linkedin.com ကို အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။  

linkedin ကို android phone မှာလည်းအသုံးပြုနိုင်ပါပြီ။android phone အတွက် အသုံးပြုချင်တယ်ဆိုရင်တော့ အောက်ကလင့်မှာဒေါင်းလို့ ရပါတယ်ခင်ဗျာ။

Myanmar eRadio v 1.3 for android(latest version)

Android OS သုံးသူများအတွက် မြန်မာ online radio နားဆင်နိုင်မယ့်ဆော့ဝဲလ်လေး Myanmar eRadio ကိုတင်ပေးလိုက်ပါတယ်။ဒီဆော့ဝဲလ်လေးဖုန်းထဲထည့်ထားရုံနဲ့ Radio cahnnels တော်တော်များများကို ဖုန်းထဲမှ ထိုင်ရာမထ နားဆင်နိုင်မှာဖြစ်ပါတယ်။နားဆင်နိုင်မယ့် radio channels များကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။
- Mandalay FM
- Shwe FM
- Just Music Radio
- MUMC Online FM
- Myanmar Online Broadcasting
- MMYO Online Radio
- Nay Nat Thar
- Easy Music Radio
- Voice of America (VOA)
- Radio Free Asia (RFA)
- ABC Australia (ABC)
- BBC News (BBC)
- NHK World (NHK)
အောက်မှာရယူနိုင်ပါတယ်။
ဆော့ဝဲလ်အားရယူရန်

Google ကြေငြာတဲ့ Android Wear

iOS ဆိုရင် Apple, Android ဆိုရင် Google နဲ့ မတူညီတဲ့ လမ်းကွဲပြားမူတွေရှိကြကာ ယခုတစ်ခါ Google မိတ်ဆက်လိုက်တဲ့ Android Wear ကတော့ အံ့သြသင့်စရာ ကောင်းမွန်လွန်လှပါတယ်။ စမတ်နာရီတစ်လုံးထက်ကို ပိုပါတယ်။ Google ကုမ္ပဏီဟာ အသစ်အသစ်သော မိုဘိုင်းအမျိုးအစားအသစ်တွေကို
ပေးစွမ်းမှာပဲ ဖြစ်ပါတယ်။ လက်ကောက်ဝတ်မှာ ၀တ်ဆင်ရပြီး “OK Google ” လို့ခေါ်တဲ့ Google ရဲ့ အသံအမိန့်ပေးခြင်းခိုင်းစေမူတွေကို အပြည့်အ၀အသုံးချထားပါတယ်။ ကားဆီဖြည့်ခြင်း၊ စားသောက်ဆိုင် ကြိုတင်နေရာမှာထားခြင်းတို့ကို အသံအမိန့်ပေးခြင်းတို့ဖြင့် ဆောင်ရွက်လာနိင်တဲ့ နည်းပညာ တစ်မျိုးပါ။

လက်မှာ ပတ်ထားပြီး အသံပိုင်းရှာဖွေမူတွေထက်ကို ပိုပါတယ်။ သင့်ရဲ့ ဆိုရှယ်နက်ဝပ်တွေ၊ Google Talk , Hangout တွေက မက်ဆေ့တွေနဲ့ noti တွေ ကိုလည်း ပြန်လည် ဖြေဆိုနိင်မှာ ဖြစ်ပါတယ်။ မနက်လင်းလို အလုပ်သွားရမဲ့ အချိန်ကိုသတိရှိစေဖို့ ပြောကြားပေးမဲ့ သတိပေးမူတွေ၊ ကမ်းခြေမှာ ရေကူးခါနီး အကောင်ဘလောင်တွေရှိနေရင် သတိပေးမဲ့ နည်းပညာတွေနဲ့ မက်ဆေ့တွေကိုလည်း reply လို့ပြောပြီးတာနဲ့ အသံနဲ့ ပြန်လည်ပေးပို့နိင်မဲ့ အဆင်ပြေတဲ့ ၀တ်ဆင်စရာမျိုးပါပဲ။
မကြာမီလာတော့မှာပါ။

Apple ID အသစ် လွယ်ကူစွာ ဖွင့်လှစ်နည်း

အမြဲမေးနေကြလို့ ရှင်းလင်းလွယ်စေရန် ထပ်တင်ပေးလိုက်ပါတယ်..။ ဒီပို့စ်ကို ရေးဖို့ လိုအပ်တာတွေယူရ, Screenshort ရိုက်ယူနဲ့ အချိန်မပေးနိုင်တာကြောင့် တဆင့်ပြန်လည်မျှဝေပေးလိုက်ပါတယ်..။
iTune ကိုဖွင့်ပြီး iTune Store ကိုဝင်ပါ.

 Free App တစ်ခုကို Download ပါ.
Account ကို တောင်းရင် Create Apple ID ကိုနှိပ်ပါ.
 Continue ကိုနှိပ်ပါ.
"I have read and agree...." မှာ အမှန်ခြစ်ပါ. ပြီးရင် Agree ကိုနှိပ်.
 Email Address, Rescue Email တွေကိုမှန်ကန်စွာဖြည့်ပါ.


 Payment Method မှာ None ကိုရွေးပါ.

Billing Address ကို အမှန်ဖြည့်ရမှာပါ. ကံမကောင်းစွာနဲ့ Myanmar က List ထဲပါမလာပါဘူး.
Address ရှာရခက်နေရင်အောက်ပါ အတိုင်းဖြည့်ပါ.
 Done ကိုနှိပ်ပြီးရင် Email ကိုဖွင့်ပြီး Verify လုပ်ပါ. ဒါဆိုရင်အားလုံးပြီးပါပြီ. 
လွယ်လွယ်ကူကူဘဲ Apple ID တစ်ခုရပါပြီ.
- See more at: http://apple4myanmar.blogspot.com/2012/05/free-apple-id.html#sthash.e54Qw1pr.dpuf
iTunes ကိုဖွင့်ပြီး iTune Store ကိုဝင်ပါ.
 Free App တစ်ခုခုကို Download နှိပ်လိုက်ပါ.
 Account ကို တောင်းရင် Create Apple ID ကိုနှိပ်ပါ.
Continue ကိုနှိပ်ပါ.
 
"I have read and agree...." မှာ အမှန်ခြစ်ပါ. ပြီးရင် Agree ကိုနှိပ်ပါ..
 
 Email Address, Rescue Email တွေကိုမှန်ကန်စွာဖြည့်ပါ. 
 
 Payment Method မှာ None ကိုရွေးပါ. 
 
Billing Address ကို အမှန်ဖြည့်ရမှာပါ. ကံမကောင်းစွာနဲ့ Myanmar က List ထဲပါမလာပါဘူး.
Address ရှာရခက်နေရင်အောက်ပါ အတိုင်းဖြည့်ပါ.
 
 
 Done ကိုနှိပ်ပြီးရင် Email ကိုဖွင့်ပြီး Verify လုပ်ပါ။ 
သင်၏ email address (1) သို့  Apple မှ verification letter ပို့ ပါမည်။ email တွင် ဝင်ရောက်စစ်ဆေးပါ။

 


သင့် Email တွင် ပုံပါအတိုင်း စာကိုတွေ့ ရပါမည် "verify Now >" ကို နှိပ်ပါ။

 


 

အောက်ပါပုံအတိုင်း Apple ID တွင် "email address" နှင့် "password" ကို ထည့်သွင်းပြီး "Verify Address" ကို နှိပ်ပါ။

 


အောက်ပါပုံအတိုင်း ပေါ်လာပါက သင်၏ Apple ID ရယူ တည်ဆောက်ခြင်း အောင်မြင်ပြီး ဖြစ်၍ သင်နှစ်သက်ရာ Apple Store ID ကို FREE ရရှိသွားပါပြီ...







အခမဲ့ဆိုတဲ့ အရာတိုင်းမှာ ခန့် မှန်းလို့  မရနိုင်တဲ့ တန်ဖိုးတစ်ခုတော့ အမြဲရှိနေပါတယ်....