Saturday, March 15, 2014

စက်ရုပ်ထဲ App ထည့်နည်း အသွယ်သွယ်

ADB or Android Debugger Bridge ဆိုတာ Android ရဲ့ဖုန်းတစ်လုံးကို Computer ကခိုင်းစေဖို့ အခြေခံအကျဆုံး command line tool တစ်ခုဖြစ်ပါတယ်။
Command Line သုံးဖို့
  - Phone မှာ USB Debugging On ထားရပါမယ်။
    (Setting>Application>Development>USB Debugging)
  - Phone အတွက် Android USB Driver ကို Computer မှာ Install လုပ်ပြီးသားဖြစ်ရပါမယ်။
  - ADB File ရှိရပါမယ်။
    Download ADB Tools Here 
    အဲဒီ zip file ကို ဖြည်ပြီး မှတ်လို့လွယ်တဲ့ Folder တစ်ခုအနေနဲ့ထားပါ။ ဥပမာ၊ "D:\ADB"
  - ADB က Command Line Path ထဲမှာရှိရပါမယ်။ ဒီအတွက်
     1. System Envirement Variable ထဲမှာပြင်ထားပါ။ ဒါကတခါပြောင်းပြီးရင် နောက်ကိုထပ်မလုပ်ရတော့ပါဘူး။
   Window7 မှာ Control Panel ကိုဖွင့် Classic View ပြောင်း System ကိုဖွင့် ဒါမှမဟုတ် My Computer Icon ကို Right Click နှိပ်ပြီး Property ကိုနှိပ်ပါ။ 
   ပြီးရင် ပေါ်လာတဲ့ System Property Window ရဲ့ ဘယ်ဘက် Pane ထဲက Advanced System Property ကိုဖွင့်ပါ။
   Window XP မှာဆိုရင်တော့ Desktop ပေါ်က My Computer ကို Right Click နှိပ်ပြီး Property ကိုနှိပ်လိုက်ရုံပါပဲ။

Window+R ကိုနှိပ်လိုက်ရင် Run Dialog Box ပေါ်လာပါလိမ်မယ်။ အဲဒီထဲမှာ sysdm.cpl လို့ရိုက်ပြီး OK ကိုနှိပ်လိုက်ပါ။ System Properties Dialog Box လေးကျလာပါလိမ့်မယ်






  System Property Box ပေါ်လာပြီဆိုရင်တော့ Advance Tab ကိုသွားပြီး အောက်ဆုံးနားက Enviroment Variable ကိုနှိပ်လိုက်ပါ။

 နောက်ပြီး အပေါ်က User Variable ဆိုတဲ့ Table ထဲမှာ Path ဆိုတာ ရှိလားရှာ၊ ရှိရင် Select လုပ်ပြီး Edit ကိုနှိပ် Variable Value ရဲ့ နောက်ဆုံးမှာ ADB Folder Location ကို ; ခံပြီး ထပ်ပေါင်းထည့်ပါ၊ eg....;C:\System32;D:\ADB
  မရှိရင် New ကိုနှိပ် အပေါ်မှာ Path ကိုထည့် အောက်မှာ သင့်ရဲ့ ADB Folder Location ကိုထည့်။ ဥပမာ D:\ADB လို့ရိုက်သွင်းပြီးရင် OK နှိပ်လိုက်ပါ။ ဒါဆိုရင် သင့် Computer က ADB Command ကိုသိသွားပါပြီ။ တကယ်လို့ ADB Folder ကိုနေရာရွှေ့ရင်တော့ ဒီအတိုင်းပြန်ပြင်ပေးရပါမယ်။

   2.  အထက်ကလို System Environment ကိုမပြောင်းချင်ဘူးဆိုရင်တော့ Command Line ရဲ့ Current Working Directory ကို ADB Folder မှာထားပါ။
cd /d "D:\ADB"
      3. ဒါမှမဟုတ် Current Path Value ကို ယာယီအနေနဲ့ ADB Folder ကို set လုပ်ပေးပါ။
path=D:\ADB or
path= %path%;D:\ADB

2 နဲ့ 3 နည်းကိုသုံးရင်တော့ ADB သုံးတိုင်းပြောင်းပေးရမှာဖြစ်ပါတယ်။ 1 ကတော့ တခါလုပ်ရင် နောက်မလုပ်ရတော့ပါဘူး။

အသုံးများတဲ့သုံးနည်းတစ်ချို့ကို ပြောပြပါမယ်။
ဥပမာတွေမှာ file.apk ဆိုတဲ့နေရာမှာ  ကိုယ်install လုပ်ခြင်တဲ့ apk ကိုထည့်ရမှာပါ။ အဲဒီဖိုင်က တခြား folder ထဲမှာဆိုရင် path ပါထဲ့ပေးရပါမယ်။ "d:\my apps\file.apk"
  - App များ install လုပ်ခြင်း     adb install [file.apk] 
  - App များ uninstall လုပ်ခြင်း  adb uninstall [package]
  - Computer မှ SD Card သို့ File ကူးခြင်း  adb push [file] mnt/sdcard
  - SD Card မှ Computer သို့ကူးခြင်း adb pull mnt/sdcard/[file] [Local_Path]
  - Reboot လုပ်ခြင်း  adb reboot (or) adb reboot bootloader (or) adb reboot recovery
တခြားသော အသုံးဝင်တဲ့နည်း တွေ အများကြီးပါပဲ ဒါလေးတွေက အခြေခံပါ။
အဲဒီ အသုံးဝင်တဲ့ ADB Commands တွေကို Batch File အဖြစ်ဖန်တီးပြီး Save လုပ်ထားမယ်ဆိုရင် ပိုမိုအသုံးဝင်နိုင်ပါတယ်။ Batch File များသုံးခြင်းနဲ့ Computer ဖြင့် APK များကို Handle လုပ်ခြင်းအကြောင်းကို သီးသန်းပို့စ် မှာဖတ်နိုင်ပါတယ်။

No comments:

Post a Comment