Wednesday, March 19, 2014

Motorola စမတ်နာရီ မိတ်ဆက်ပြီ

ပုံမှာ မြင်တွေ့နေရတဲ့ နာရီဟာ အမေရိကန် Motorola မိုဘိုင်း ကုမ္မဏီက ထုတ်လုပ်တဲ့ စမတ်နာရီ ဖြစ်ပြီး ကမ္ဘာ့ ဒီဇိုင်းအလှဆုံး စမတ်နာရီ အဖြစ်တောင် သတ်မှတ် နိုင်ပါတယ်။
စမတ်နာရီလို့ ထင်မှတ်စရာ မရှိအောင် Business man တွေ ပတ်တဲ့ နာရီ ပုံစံ ဖန်တီး ထုတ်လုပ် ထားပါတယ်။ Moto 360 လို့ အမည်ပေးထား ပါတယ်။ ထူးခြားချက် အနေနဲ့ အသံနဲပ ထိန်းချုပ်လို့ရတဲ့ Voice Control ပါဝင်ပြီး Google ရဲ့ Voice system ကို ထည့်သွင်းထားခြင်း ဖြစ်ပါတယ်။ ဒါ့အပြင် အီးမေးလ် စစ်ခြင်း၊ ဖုန်းဖြေခြင်း၊ ရာသီဥတု အခြေအနေ ကြည့် ရှုခြင်း တို့ကို ပြုလုပ် နိုင်မှာ ဖြစ်ပါတယ်။
ဒါ့အပြင် Application အသစ်များ ထည့်သွင်း အသုံးပြု နိုင်အောင် Developer များ ဖန်တီးခွင့် ဖွင့်လှစ်ပေးထားမှာ ဖြစ်ပါတယ်။ အရောင် အသွေး အစုံ၊ Feature စုံနဲ့ Motorola စမတ်နာရီရဲ့ ပြိုင်ဘက်က Samsung, LG, HTC, Sony တို့နဲ့ ဖြစ်လာမှာ ဖြစ်ကြောင်း သိရ ပါတယ်။
ဗီဒီယို ကြည့်ရှုရန် - http://youtu.be/dnerqDWwVgg

No comments:

Post a Comment