Tuesday, March 25, 2014

OndaTablet v971 ကို Stock Firmware 4.0.3 ပြန်တင်မယ်

ကလိကလိလွန်ရင်းးး Firmware ဟန်းးးစက်ရုပ်လေးကမတက် …ပြီးတော့အကြောင်း အမျိုးမျိုးကြောင့်ပြန်တင်ချင်တဲ့လူတွေအတွက်ပါ….

အရင်ဆုံးလိုအပ်တဲ့ Firmware zip လေးတွေကိုဒေါင်းလိုက်…ပါ

Onda v971 stock Firmware ယူရန် http://file2.mydrivers.com/ondata/download/driver/oamp3/V971D/V971D_v1.5.5.zip
..ပြီးရင်…. Device manager ခေါ်ပါ…[My Computer ကို Right click>manage နှိပ်ပြီးပဲခေါ် Wimndows+R နဲ့ ပဲခေါ်ခေါ်အဆင်ပြေသလိုခေါ်ပါ..] Device manager>Universal Serial Bus Controllers ကိုသွားပါ။ USB Root Hub တိုင်းကို Right Click နှိပ်>>roperties>>ower Management >>Allow this computer to turn of this device to save power မှာအမှတ်လေးကိုဖြုတ်ပေးပါ…

ဒေါင်းလို့ရလာတဲ့ဖိုင်ကို Desktop ပေါ်မှာ Floder တခုဆောက်ပြီးဖြည်ထားလိုက်ပါ….. အောက်ကပုံထဲကအတိုင်း ရပါမယ်….USB-Burning-tool-SPI Floder ထဲဝင်လိုက်ပါ…

ImageBurnTool.exe လေးကို Run ပေးလိုက်ပါ…Tool ကတရုတ်စာနဲ့တက်တာဆိုတော့တရုတ် language နဲ့ပဲပြပေးသွားပါမယ်…. Language ချိန်းချင်ရင်တော့အောက်ကပုံလေးအတိုင်း.. English လိုချိန်းလို့ရပါတယ်…..

ပုံ ၁ အတိုင်းဆက်လုပ်ပြီးးး Resource…v971D_v 1.5.5.zip လေးကိုရွေးပေးလိုက်ပါ..ပုံ ၂ အတိုင်းရသွားပါမယ်….

Tablet ကိုပါဝါပိတ်လိုက်ပါ….Home Button နှိပ်ပြီးးး USB ထိုးလိုက်ပါ….ပြီးမှ Power နှိပ်လိုက်ပါ….လေးစက္ကန့်လောက်ပါ…ကွန်ပြူတာမှာ Driver တောင်းပါလိမ့်မယ်…. USB-Burning-tool-SPI>> AmlogicusbBurningdriver>>ကိုညွန်းပေးပြီး Driver သွင်းပေးလိုက်ပါ..[ windows ပေါ်မူတည်၍ရွေးပါ….] Driver သွင်းပြီးလို့ ကွန်နဲ့ဖုန်းသိသွားပြီဆိုရင် ပုံ ၃ အတိုင်း ပေါ်နေပါမယ်..

အဲတာဆိုဝိုင်းပြထားတဲ့ခလုတ် [Start (开始) ] လေးနှိပ်ပေးလိုက်ပါ…..Firmware တင်နေပါပြီ…အောက်ကပုံအတိုင်းအပြာတန်းလေးပြည့်ပြီဆိုရင်ရသွားပါပြီ….. Power ဖွင့်လိုက်..ပါ…

ကဲ Power ပြန်တက်လာပြီးးအကောင်းအတိုင်းပြန်ရပါပြီ….အကယ်၍တင်နေရင်းးး Fail ပဲပြပြနေရင်တော့ Start ခလုတ်အောက်က Stop ခလုတ်လေးနှိပ်ပါ….USB ကြိုးဖြုတ် Run ထားတဲ့ Burning tool ကိုပိတ်…USB ပေါက်ပြောင်းထိုးပြီးအစကပြန်စပါ…..ဇွဲမလျှော့ပါနဲ့… ဘာမှမတတ်တဲ့ကျနော်တောင်ဇွဲမလျှော့ပဲလုပ်တာ ၁ နာရီလောက်အကြာမှာ…. အဆင်ပြေသွားပါတယ်…. ကိုယ်တိုင် စမ်းထားပီးသားနော်

No comments:

Post a Comment