Wednesday, March 19, 2014

Samsung Galaxy S5 ထက် Spec ပိုသာတဲ့ Oppo Find 7 မိတ်ဆက်

တရုတ်ပြည် အခြေဆိုက် Oppo စမတ်ဖုန်း ထုတ်လုပ်ရေး ကုမ္မဏီဟာ Samsung Galaxy S5 ထက် Specification အားဖြင့် ပိုမို မြင့်မားတဲ့ စမတ်ဖုန်း ဖြစ်ပြီး လက်တလော ကာလ ကပဲ မိတ်ဆက်ပေးလိုက် ပါတယ်။
၅.၅ လက်မ အရွယ် မျက်နှာပြင်၊ 538 ppi / 1440 x 2560 resolution ရှိပြီး Gorilla Glass 3 ကို အသုံးပြု ထား ပါတယ်။ RAM 3GB ရှိပြီး Processor က Snapdragon 801 2.5GHz quad core ကို အသုံးပြုထားခြင်း ဖြစ်ပါတယ်။ Built in memory က 32 GB ပါဝင်ပြီး 128 GB အထိ တိုးမြင့်လို့ ရပါတယ်။ ကင်မရာက 13 Megapixel အရည်အသွေး ရှိပြီး f/2.0 IMX214 Sony sensor ပါဝင် ပါတယ်။ ကင်မရာမှာ ထူးခြားချက် တစ်ခု ရှိပါတယ်။ 10 Megapixel အရည်အသွေး ဓာတ်ပုံ ငါးပုံ ရိုက်ပြီး 50 Megapixel အရည် အသွေး ရှိ ဓာတ်ပုံကြီး တစ်ပုံကို ထွက်ရှိစေမှာ ဖြစ်ပါတယ်။ Super Zoom feature လည်း ပါဝင် ပါတယ်။ အရှေ့မှာက 5 megpixel ကင်မရာ ပါဝင် ပါတယ်။
Samsung Galaxy S5 ရဲ့ မထွက်ရှိခင်က ကြားသိတဲ့ ကောလဟာလ သတင်းများကို အခြေခံလို့ စမတ်ဖုန်းကို တကယ် ထုတ်လုပ် လိုက်ခြင်း ဖြစ် တယ်လို့ ပြောဆိုကြ ပါတယ်။ ဈေးနှုန်း အားဖြင့် ဗြိတိန်ပေါင် ၃၈၈ ဝန်းကျင် သတ်မှတ်ထားပြီး လပိုင်း အတွက် ဖြန့် ချိ ရောင်းချသွား မှာ ဖြစ်ကြောင်း သိရ ပါတယ်။

No comments:

Post a Comment