Tuesday, April 1, 2014

apk တွေကို folder နဲ့ သွင်းကြမယ်

ကိုယ်သွင်းချင် သမျှ Android apk တွေကို folder ထဲ ပစ်ထည့်ပြီး တခါတည်းသွင်းနိုင်အောင် လုပ်ထားလို့ရပါတယ် ။
အဲလို software တွေရှိပေမယ့် ဒါကတော့ ကိုယ်တိုင် တည်ဆောက်ကြည့်ရအောင်

1. အရင်ဆုံး Folder တစ်ခုဆောက်ပြီး adb.exe , AdbWinApi.dll , AdbWinUsbApi.dll သုံးဖိုင် ကို ထည့်ထားပါ။ (ထို သုံးဖိုင်က အခြား Android Software တွေ အားလုံးထဲမှာ ရှိပါတယ် )
2. Notepad ကို ဖွင့် ပြီး အောက်ပါ စာ သားတွေ ရေးပြီး .bat ဖြင့်သိမ်းပါ (example : folder.bat)

@echo off
@echo ကိုယ်ရေးချင်သည့်စာသားရေးရန်
pause
ren *k?* %random%folder.apk
adb install *folder.apk
del *folder.apk
exit 
....................................

3. ကိုယ်သွင်းချင်သမျှ apk တွေကို folder ထဲထည့်ပြီး  .bat ကို နှိပ်ပြီး စတင်သွင်းနိုင်ပါတယ် ။

@echo off (ကိုယ်ရေးထားတဲ့ command တွေ မပေါ်အောင် ကာထားတဲ့ သဘောပါ)
@echo (ကိုယ်ရေးတဲ့ bat file ရဲ့ ခေါင်းစဉ်ပေါ့)
pause (ဒါကတော့ ကိုယ့် program ကို တစ်ခုခုနှိပ်မှ ဆက်သွားအောင် ရပ်ထားတဲ့ command ပါ)
ren *k?* %random%folder.apk (ဒါကတော့ folder ထဲက apk တစ်ခုကို ramdom (တစ်ခုနဲ့တစ်ခု မတူ) နဲ့စပြီး folder နာမည်နဲ့ ဆုံးအောင် နာမည်ပြောင်းလိုက်တာပါ)
adb install *folder.apk (folder နဲ့ဆုံးတဲ့ apk ကို သွင်းမယ်လို့ရေးတာပါ
del *folder.apk (ဒီနေရာကတော့ ကိုယ် apk ကိုသွင်းပြီး ရှုပ်မှာဆိုးလို့ ပြန်ဖျက်လိုက်တာပါ)

ren *k?* %random%folder.apk
adb install *folder.apk
del *folder.apk

ဒီအပေါ်က စာသုံးကြောင်းကတော့ apk တစ်ခု အတွက်ဖြစ်ပြီး၊ ကိုယ်သွင်းချင်သလောက် အရေအတွက်ကို ကိုယ် copy ကူးနိုင်သလောက်ကူးပြီး paste ချပေးပို့ ဖြစ်ပါတယ်
အများကြီးကူးထားမှ folder ထဲ ကိုယ်ပစ်ထည့်သလောက် သွင်းနိုင်မှာပါ။

friend တွေ ထဲက စတင်လေ့လာသူတွေနဲ့ မသိသေးတဲ့ သူတွေ အတွက်ပါ ခင်ဗျာ ..

(မျှဝေခြင်းက အကောင်းဆုံး လေ့ကျင့်ခြင်းပါ)

No comments:

Post a Comment